ချစ်စံအိမ်ဘလော့သည် သိ၍တတ်လို့ ရေးခြင်းမဟုတ်ပါ ရင်ထဲကစကားလုံးများကိုစာလုံးအဖြစ်ပြောင်းလဲရေးသားခြင်းသားဖြစ်သောကြောင့်လာလည်ကြသောမိတ်ဆွေများအားလုံးကို အထူးကျေးဇူးတင်ရှိပါတယ်ရှင်

Sunday, November 11, 2012

ပေါက်ကွဲခြင်း...

မင်္ဂလာပါရှင်... လမင်းစာရေးချင်စိတ်ပျောက်နေတာနဲ့ ဘလော့ကိုပစ်ထားလိုက်တာ အချိန်တောင်နည်းနည်းကြာသွားတယ်။။  စာမရေးတော့ဘူးလို့ တွေးနေတာ  ဘလော့သံယောဇဉ်ကလည်းမသေးပါလားနော်...ဒီနေ့ ဘလော့ထဲရောက်တော့ (Cbox၀)မှာရေးထားတာတွေ့ တော့ စိတ်ထဲဒေါသထွက်သလိုစိတ်မကောင်းဖြစ်သလို ဘယ်လိုဖြစ်သွားမှန်းကိုမသိဘူး။။
ဘလော့ကိုလာလည်တယ် ။။ကြိုက်ရင်ဖတ်သွား မကြိုက်ရင် လာမဖတ်တော့နဲ့ ပေါ့..
အုန်းစားတယ်ပြောရအောင် လမင်းလည်းအတင်းလာဖတ်ပါ.. မခေါ်မိပါဘူး။။
လမင်းလည်း ဘလော့တွေလိုက်ဖတ်တယ်။။ မကြိုက်ရင်လည်းလှည့်ပြန်လာတယ်။။သူများကိုဝေဖန်တဲ့အလုပ် လမင်းဘယ်တော့မှမလုပ်ဘူး။။
ပြောချင်တာက လမင်းစာရေးဆရာမဟုတ်သလို ကဗျာဆရာလည်းမဟုတ်ဘူ။။ လမင်းဘလော့မှာ
လမင်းရေးချင်တာရေးမယ် တင်ချင်တာတင်မယ်။။ ဒါလမင်းရဲ့ ကိုယ်ပိုင်လွတ်လပ်ခွင့်ပဲလေ...
လမင်းရေတာတွေတင်တာတွေမကြိုက်ရင်လာမဖတ်နဲ့ .ရပါတယ်.. လာဖတ်ပြီပြောချင်တာပြောသွားပေမဲ့
ခံရတဲ့သူရဲ့ စိတ်ထဲမှာတော့အနှောက်မယှက်ဖြစ်မိတာပေါ့... ကွန်မန့် မှာလည်း နာမည်မပါပဲလာရေးတာတွေရှိသေးတယ်.. ရေးချင်တာရေးပါ လမင်းမဖျက်ဘူး။။ ဒါပေမဲ့ရေးတော့မယ်ဆို
သေချာစဉ်းစားပါ.. ငါရေးလိုက်တာက သူများအတွက် ဘာကျိုးရစေလည်းပေါ့..လမင်းချစ်သူတော့တွေ့ ရင်ဖျက်ထားပေးတတ်တယ်။။လမင်းကတော့လုံးဝဖျက်ဘူး။။ သူများကိုဝေဖန်ရဲ တဲ့သတ္တိကိုချီးကျုးလို့  ဘာလို့ လည်းဆိုတော့လမင်းသူများတွေကို မဝေဖန်ရဲ ဘူး။။

လမင်းတစ်ခုခုလုပ်တော့မယ်ဆို အပြောခံရတော့တာပဲ... ဂိမ်းဆော့တော့လည်းဆော့လို့ တဲ့ အားနေလို့ တော့မဟုတ်ပါဘူး.. ဒီခေတ်ကြီးထဲမှာ အားနေတဲ့သူရှားပါတယ်..ဒါပေမဲ့အားတဲ့အချိန်လေးစိတ်ပြေလက်ပျောက်ဆော့တယ်..... လူတိုင်း တစ်ခုမဟုတ်တစ်ခု ရူးကြ ပေါကြတာပဲလေ...
ကိုယ်စိတ်ထဲရှိတာလုပ်လိုက်လို့ ပေါတယ် ပြောရင်လည်းအပြောခံလိုက်မယ်။။
တစ်ခုတော့စဉ်းစားကြပါ။။ ကိုယ်လုပ်တာပဲကောင်းတယ် သူများလုပ်တာတော့ မကောင်းဘူးပေါတယ်...ရူးတယ်..လို့ တော့မပြောနဲ့ ပေါ့။။။ လမင်းမှာ စိတ်ကူးကောင်းတွေစကားလုံးလှလှတွေမရှိတော့ ကဗျာကောင်းကောင်းတွေလည်းမရေးနိုင်ဘူး..
တစ်ခါတလေ စိတ်ကူးရှိရာ ကဗျာယောင်ယောင် ခံစားချက်ဆန်ဆန်ရေးတတ်တယ်။။
စိတ်ထဲရေးချင်တာလေးရေးတယ်။။ ဒါကိုနားလည်စေချင်တယ်။။ လမင်းဘလော့မှာရေးထားတာမကြိုက်ရင် လာမဖတ်ပါနဲ့ ရတယ်။။ လူရှုပ်တာကြောက်လို့ ..
လမင်းစာရေးတယ်... ဘလော့လေးရှိတယ်ဆို Gtalk က သူငယ်ချင်းတွေမသိသလို..Facebook မှာလည်းသူငယ်ချင်းများများမထားဘူး.. ရှိတဲ့သူငယ်ချင်းတွေကလည်းဘလော့မောင်နှမတွေပဲများတာ..တစ်ချို့သူငယ်ချင်းတွေမသိကြပါဘူး..
လမင်းကိုယ်တိုင်းကစကားနည်းတော့သူငယ်ချင်
များများမထားတတ်ဘူး။။ စကားရှုပ်တာလည်းလမင်းမကြိုက်ဘူး.. အဲတော့အခုဘယ်သူနဲ့ မှစကားတောင်
မပြောဖြစ်တော့ဘူး။။ အားရင်ဂိမ်းဆော့မယ်..စာဖတ်မယ်.. ။။
ဘယ်သူကိုမှ ငါစာရေးတယ် ငါဘလော့လာဖတ်ပါအုံး ။။Member ၀င်သွားပေးပါလို့ လည်း မပြောဖူးဘူး။။
နောက်တစ်ခု ပိုက်ဆံရနေလို့ စာရေးနေတာလည်းမဟုတ်ဘူး.. ကိုယ်စိတ်ထွက်ပေါက်အနေနဲ့ ရေးတာလောက်ပဲရှိတယ်။။စိတ်ထဲရှိတာရေးမယ် ခံစားရတာရေးမယ်
ပျော်စရာတွေမျှဝေမယ်.. အချင်းချင်း အားပေးမယ် ..နှစ်သိမ့်ကြမယ်.. ဒါကိုလမင်းပျော်တယ်ကျေနပ်တယ်။။ ကျေးဇူးပြု၍ စိတ်အနှောက်အယှက်ဖြစ်စရာများမရေးပါရန်
မေတ္တာရပ်ခံပါတယ်ရှင်..........

အားလုံးကျန်းမာပျော်ရွှင်ကြပါစေ..........




15 comments:

  1. စိတ်လျှော့ပါ အစ်မ။ ညီမတော့ ကော်မန့် ထားလိုက်တယ်။ နောက် မောသွားတော့ မရေးတော့ဘူး။

    ReplyDelete
  2. ရေးချင်သာရေးပါဗျာ...ဘလော့ဂါမောင်နှမတွေက အမြဲအားပေးနေမှာ...စိတ်ညစ်မနေနဲ့ အမ.... ^_^^_^^_^

    ReplyDelete
  3. စိတ်ထဲမထားပါနဲ့ မမလမင်းရယ်... ဒါမျိုးတွေက ဘလော့ဂါတိုင်းကြုံရတာပါလို့သာ စိတ်ထဲတွေးလိုက်နော် :D

    ReplyDelete
  4. ဟမ်မမစီဘောက်မှာလဲ အဲလိုလျှောက်ရေးသွားတဲ့သူရှိတယ်လား။ ဒါသက်သက်နှောင့်ယှက်နေတာသိလားမမ။ ညီမလေးလဲဖြစ်ပီးပီ။ မမစာတွေဖတ်ပီးမန့်တာလဲမရဘူး။ spam ထဲရောက်နေတယ်ထင်တယ်။

    ReplyDelete
  5. စိတ်ထဲထားမနေပါနဲ့ဟာ အဲလိုဘဲ ပြောချင်ရာပြောသွားကြတာပါဘဲ...
    လိုက်ဒေါသဖြစ်နေရင် နင်ဘဲစိတ်ပင်ပန်းမှာပေါ့

    ReplyDelete
  6. ဟုတ်ပါတယ်လမင်းရေ လူတိုင်းကြုံရတဲ့ ဒုက္ခလေ ရေးတဲ့လူကဘာပဲရေးရေး သူမရှက်လို့ရေးတာပါပဲ

    ဘာမဟုတ်တဲ့ကိစ္စကြောင့်ကိုယ့်စိတ်ကို ဒုက္ခရောက်အောင်မလုပ်နဲ့နော်.......
    လမင်းကိုအမြဲ အားပေးပြီးချစ်တဲ့ sis jasmine

    ReplyDelete
  7. အနှောင့်အယှက်တွေက ဒီလိုပဲ ရှိတတ်ပါတယ်ဗျာ...၊ သိပ်ပြီးလည်း မခံစားပါနဲ့..၊
    ကိုယ့်စိတ်ထဲ ရှိတာတွေကို ဆက်သာရေးပါ...။

    ReplyDelete
  8. ညလေးရေ...ဒါလေးတွေပြီး စိတ်ဆင်းရဲ စိတ်ပင်ပန်းမခံနဲ့။ ဘလော့စလုပ်ထားကတည်းက ဒါတွေဖြစ်လာမယ်
    ကြုံလာရမယ်ဆိုတာ အစကတည်းက မကြီးလွမ်းတော့ ကြိုတင်တွေးထားတယ်။ အဆိုးဆုံးဖြစ်တဲ့
    (လာရောက် ညစ်ညမ်းစွာမဆဲသွားတာဘဲ)ကျေနပ်လိုက်ပါ။ဘလော့တော်တော်များများက ဒီလိုပါဘဲ။
    ဘလော့ဂါတိုင်း ကြုံရပါတယ်။အနည်းနဲ့အများဆိုသလိုပေါ့။ကိုယ်ဘာမှ မလုပ်ပေမဲ့ အငွေ့အသက်နည်းနည်းတော့
    ရှုရှိုက်ကြရတာဘဲ။ မကြီးလွမ်းဆို ရေးချင်တာရေးတယ် ဖတ်ချင်ဖတ် မဖတ်ချင်
    ကိုယ်တစ်ယောက်တည်းပြန်ဖတ်တယ်။စိတ်ထဲထားပြီး ဒေါသ မထွက်နဲ့သိလား။ အဲတာမြန်မာဆိုတဲ့
    မကြီးလွမ်းတို့ လူမျိုးတွေ အကျင့်ဘဲ။ ကိုယ်ထက်သာရင် မနာလိုလို့ပြောတယ်။ ပြီးနောက်တစ်ခုက
    ကိုယ်တိုင်သာ အသုံးမကျတာ သူများကျတော့ ပစ်ပစ်နစ်နစ် ဝေဖန်ဖို့က မကြီးလွမ်းတို့ လူမျိုးလောက် ဘယ်လူမျိုးမှ မတော်ဘူးလေ။ အဲတာကြောင့် နားလည်ပေးလိုက်ပါ။ မကြီးလွမ်းလည်း ဘယ်ကကြော်ငြာတွေလာလာတင်လည်းမသိ တစ်ရက်တစ်ရက်
    လိုက်ဖျက်ရတာများလွန်းလို့ စိတ်ပျက်ပြီး ခုယာယီ စီပုံးဖြုတ်ထားလိုက်တယ်။


    ခင်မင်တဲ့
    မကြီးလွမ်း

    ReplyDelete
  9. ဟုတ်ပါတယ်မမရယ်....အားလို့လာပြောနေကြတာလို့ပဲ စိတ်ထဲထားလိုက်ပါ..
    လူတွေက တော်တော်ခက်တာပဲ..ကိုယ်သာမတော်မကောင်းရှိမယ်..
    သူများကောင်းနေတော်နေရင်လဲ မနာလိုတတ်ကြဘူးလေ..
    မိုးနတ်လဲ မိုးနတ်မှာ ဘလော့လေးလုပ်ထားတာ...ကဗျာတွေစာတွေရေးတာကို
    fb မှာလဲမရှဲဘူး..သယ်ရင်းတွေလဲ ဘယ်သူမှကိုပေးမသိထားဘူး..ရှင်းရော..အဲဒါ
    အေးတယ်..မဟုတ်ရင် ဇယားကိုက်လွန်းလို့....လူများလေ အပေါက်များလေဆိုတာအမှန်ပဲ
    ဘာမှစိတ်ညစ်မခံနဲ့မ..စိတ်ရှုပ်လဲမခံနဲ့...နေမြဲတိုင်းနေနော်....
    ညလေး မဘက်မှာအမြဲရှိနေတယ်..
    ချစ်တဲ့ညလေး မိုးနတ်

    ReplyDelete
  10. စိတ်ထိမ်းပါဆရာလေးရယ်...ခိခိ

    ReplyDelete
  11. ဒီလိုပြောလို့ဘယ်ရမလည်းကွယ်
    ရေးတဲ့သူကလည်းးဂရုစိုက်မှပေါ့ စာပေ၀ါသနာပါတဲ့သူ
    စာဖတ်သူတွေရဲ့စိတ်ထဲ တစ်ခုခုခံစားသွားစေတဲ့စာမျိုး
    စာဖတ်သူတွေရဲ့ မျက်စိထဲ အမြင်ကတ်စေတာမျိုး
    လွတ်လပ်တဲ့ အင်တာနက်ကြီးပေါ်မှာကိုယ်ရေးချင်တာရေးပြီးမှ
    ဝေဖန်တဲ့သူကလည်း လွတ်လပ်တဲ့အင်တာနက်ကြီးပေါ်မှာ ဝေဖန်ချင်သလိုဝေဖန်မှာပေါ့
    ဒါကိုမခံစားနိုင်ရင်မရေးနဲ့ပေါ့မဟုတ်လားးး
    ရေးတာဝါသနာပါတဲ့သူကရေးချင်တာရေးမယ်
    ဖတ်တာဝါသနာပါတဲ့သူကလည်း..ဖတ်ပြီဝေဖန်ချင်သလိုဝေဖန်မယ်.ဒါဟာသဘာဝပဲလေ
    ဒီလိုပြောရင်ရေးသူဘက်ကလည်းလာမဖတ်နဲ့ပြောမှာပဲနော်
    ရေးသူရှိရင် ဖတ်သူလည်းရှိမှာ အကျိုးရှိတဲ့စာမျိုးရေးရင်..ဖတ်တဲ့သူကလည်ူ
    ကောင်းတဲ့မေတ္တာပြန်ပေးတာမှာပေါ့..ကျနော်ဆိုရင်...youtube မှာသီချင်းလေးတင်ပါတယ်
    ဆိုတဲ့အဆိုတော်ကိုညစ်ညစ်ပတ်ပတ်ဆဲသွားးတယ်
    အဲအဆဲခံရတဲ့အဆိုဘက်ကနာတဲ့သူရှိရင်အဲလူကိုပါဆိုပြီး ဆဲသွားသေးတယ်
    ကျနော့်ပါးစပ်ထားရတယ်သူဆဲတာထဲပါမှာဆိုးလို့
    စာရေးရင်လည်းကိုယ်ဝါသနာပါတဲ့လိုင်းတစ်ခုနှစ်လောက်ရေးပေါ့
    ပညာပေးဆောင်းရေးလိုက်..ပေါ့ပျက်ပျက်ရေးလိုက် အဲလိုလုပ်နေရင်..ဟင်းးးးးးးး
    ကိုယ့်ကွန်ပျူတာထဲမှာကိုယ့်ဘလော့လေးကိုယ်တစ်ယောက်ထဲမြင်နေရပေမဲ့
    ကိုယ်ရေးတင်လိုက်တဲ့စာက တစ်ကမ္ဘာလုံးကလူတွေမြင်ရတယ်
    ကျနော်တို့ကတော့ မျက်စိထဲကန့်လန့်တွေ့ရင်ကန့်လန့်ပဲ တည့်တည့်တွေ့ရင်တည့်တည်ပဲ

    ReplyDelete
  12. online ပေါ်မှာလဲ ကိုယ်ရေးသားလိုက်တဲ့စကားလုံးတွေကြောင့်

    တပါးသူစိတ်အနှောက်ယှက်ဖြစ်သွားတာကို

    ကျေနပ်နေတတ်တဲ့သူတွေတဖြည်းဖြည်းများလာဘီ

    ဘာအကျိုးရှိလဲနော် ကိုယ့်စိတ်ဓါတ်အောက်တန်းကျတာကို

    လိုက်လံဖော်ပြနေသလိုပါပဲ

    အဲလို စိတ်ဓါတ်အောက်တန်းစားတွေရေးသားတဲ့စာအတွက်

    ကိုယ်လုပ်နေတဲ့ အလုပ်ကို မထိခိုက်ပါစေနဲ့ လမင်းရေ

    လစ်လျူပြုလိုက်ပါ ...အဲသလိုလူမျိုးတွေဟာ

    အကျိုးမရှိပုတ်ခတ်စော်ကားဖို့ လောက်ပဲစဉ်းစားနေတတ်တဲ့လူမျိုးတွေပါ

    အဲဒါကို ဂရုစိုက်နေရင် သူတို့ သူတပါးကိုပြောဆိုပုတ်ခတ်တာကိုသတိထားတယ်ဆို

    သူတို့ ပြုမူလုပ်ဆောင်တာတွေဟာထိရောက်တယ်လို့ 

    သူတို့ တွေအထင်ရောက်ကုန်လိမ့်မယ်

    ဘာမှဂရုမစိုက်ရင် ကြာရင် အသံတိတ်သွားမှာပါ

    လမင်းလုပ်စရာရှိတာလုပ်ပါ ရေးစရာရှိတာဆက်ရေးပါ

    ခင်တဲ့

    မိုးသူ(တောင်ကြီး)

    ReplyDelete
  13. ကိုယ်ရင်ဖွင့်စရာရှိတဲ့ ဘလော့မှာရင်ဖွင့်တာ ဘာဖြစ်လဲ။
    အရေးမစိုက်ပါနဲ့လမင်းရေ။
    ပေါက်ကွဲတယ်ဆိုလို့ ဗုံးများထပေါက်လားလို့ အလန့်တကြားရောက်ခဲ့တယ်။
    ပျော်ရွှင်ပါစေ။

    ReplyDelete
    Replies
    1. မင်းကအဲလိုပြောတော့ဆဲတဲ့သူကလည်း
      ဆဲချင်လို့ဆဲတယ်လို့ပြောသွားမှာ..စောက်ရူး

      Delete
  14. လူအမျိုးမျိုးစိတ်အထွေထွေမို့ တစ်ဖက်သားရဲ့ ပေးဆပ်မှုကို လက်ခံထိုက်မှ လက်ခံလိုက်ပါ လမင်းလေးရေ။
    ရင်ထဲကအပူတွေကို ရှင်းထုတ်ပစ်ပြီး အပူအပင်ကင်းမှုကိုရယူလိုက်ပါနော်။ ဆက်လက်ဘလော့ဂင်းနိုင်အောင်ကြိုးစားပါ။
    စိတ်ဓာတ်အစဉ်ကြည်လင်အေးမြပါစေကွယ်။

    မေတ္တာဖြင့်
    အန်တီတင့်

    ReplyDelete