ချစ်စံအိမ်ဘလော့သည် သိ၍တတ်လို့ ရေးခြင်းမဟုတ်ပါ ရင်ထဲကစကားလုံးများကိုစာလုံးအဖြစ်ပြောင်းလဲရေးသားခြင်းသားဖြစ်သောကြောင့်လာလည်ကြသောမိတ်ဆွေများအားလုံးကို အထူးကျေးဇူးတင်ရှိပါတယ်ရှင်

Friday, August 31, 2012

ထမင်းမြိန်စေတဲ့ရခိုင်ဟင်းလှော်..

မင်္ဂလာပါရှင်. ..စာမရေးဖြစ်သေးတာနဲ့ ထမင်းမြိန်စေမဲ့ တောနည်းခေါ်မလား ဆီမပါဟင်းခေါ်မလား... အမေကပြောတော့
ရခိုင်ဟင်းလှော်တဲ့..ရခိုင်လူမျိုးတစ်ယောက်ဆီကတတ်တာတဲ့ လမင်းအရမ်းကြိုက်တဲ့ ဟင်းပါ။။
ငယ်ငယ်ကတော့ခဏခဏစားဖြစ်ပေမဲ့
အခုအမေကိုချက်ခိုင်းရင် သမီးရေ အဲ့ဟင်းက အရွက်သာဆိုတာ ကုန်တာက အသားဟင်းချက်တာထက်ကုန်တယ်။။
ကုန်ဆို အခုခေတ်က အရွက်တွေဈေးကြီးနေတာကို လမင်းတို့ ငယ်ငယ်ကတော့နယ်မှာနေတော့ အရွက်တွေက လိုက်ခူးရင်
အများကြီးရတယ်။။။သမီး ဟင်းလှော်စားချင်ရင် လိုအပ်တဲ့အရွက်တွေလိုက်ခူးဆို ဟင်းတစ်ခွက်ဖြစ်တာပဲ။။ မြို့ရောက်တော့ အကုန်ဈေးကြီးတာနဲ့ သိပ့်မချက်စားဖြစ်ပါဘူး။။။ အခုလည်း လမင်း ဒီရောက်တည်းက အခုပထမဆုံးချက်စားဖြစ်တာပါ။။
အရွက်တွေရှင်းတာရယ်... ခြံထဲဘူးရွက် ပဲထောင့်ရှည် ရုံးပတီသီး ခရမ်းသီးတွေစိုက်ထားတော့ ကျန်တာသိပ်ပြီးတော့မ၀ယ်လိုက်ရပါဘူး။။

ဟင်းလှော် မှာလိုအပ်တာက .. ကန်စွန်းရွက် ချဉ်ပေါင်ရွက် မျှစ် ရုံးပတီသီး ဘူးရွက် ပဲထောင့်ရှည်သီး ထိကရုံရွက်လား ပင်လား :P
နယ်မှာတုန်းကတော့အစုံထည့်တယ်။။ အခုတော့တော်ပါပြီး ။။တော်ကြာအရွက်ဖိုးနဲ့ ချက်ဖြစ်မှာမဟုတ်တော့ဘူး..:D
ပါဝင်တဲ့အရွက်တွေကို အိုးထဲထည့်ပြီး။။ပုံပါအတိုင်း မျှင်ငါးပိ နနွင်းမှုန့် ဆီတစ်ဇွန်းရယ်..ဆား အချိုမှုန့်ထည့်..
ငြုပ်သီးစိမ်း ကြက်သွန်နီ ဖြူ ရောကြိတ်ထား ငြုပ်သီးစိမ်းများများထည့်ရပါတယ်။။ ရခိုင်ဟင်းဆိုတော့ စပ်မှစားကောင်းပါတယ်။။

ဒါကအရွက်တွေအကုန်ထည့်ထားပြီး..


ကြိတ်ထားသော ငရုပ်ကြက်သွန်တို့ နယ်တဲ့အခါ လက်ပူမှာ ကြောက်ရင်တော့ လက်အိတ်သို့ မဟုတ် ဇွန်းနဲ့ နယ်ပါ..


မွှေနေပါပြီး ဟင်းလှော်ဆိုတော့လှော်ရတာပေါ့..:P


ကျက်ပါပြီးရှင် ထမင်းမြိန်စေပြီးစပ်စပ်လေးစားလို့ ကောင်းမှကောင်း.. ကိုယ်ပဲချက် ကိုယ်ပဲကောင်းနေတာထင်တယ်။။:P

နောက်တစ်ခုကတော့ လမင်းသူငယ်ချင်းတစ်ယောက်လုပ်စားတတ်တဲ့နည်းလေးပါ။။
ပဲထောင့်ရှည်ရယ် ငါပိုငုပ်သီးစိမ်း ကြက်သွန်ဖြူ
ငါးပိကိုမီးအုံပေးလိုက်ပါ.. ဒါမှမဟုတ် အခုခေတ်ထောင်းပြီးသားငါးပိလေးတွေရှိပါတယ်။။ငြုပ်သီးစိမ်း ကြက်သွန်ဖြူထပ်ထည့်ပြီး
ထောင်းရပါတယ်.. လမင်းတော့ကြိတ်လိုက်တယ်။။ ဒီမှာထောင်းရမလွယ်ဘူး။။

ကြိတ်ဖို့ အဆင်သင့်ပါ..

ရပါပြီးလွယ်ကူပြီး စားလို့ အရမ်းကောင်းပါတယ် အစိမ်းနံမကြိုက်သူများတော့ ကြိုက်မယ်မထင်ဘူး ပဲထောင့်ရှည်သီး
အစိမ်းနံနည်းနည်းထွက်ပါတယ်.. လမင်းကတော့ ဘူးသီးနုနုကို အချိုချက်လေးချက်ပြီးတွဲစားလိုက်တယ်။။
အခုတလော ဆီပြန်ဟင်းတွေ အသားဟင်းတွေမစားချင်တာနဲ့ .. ချက်စားတော့လည်း မောင်နှမတွေကိုသတိရလို့ တင်ပေးလိုက်ပါတယ်။။။ ထမင်းမြိန်ပြီး..
ကျန်းမာပျော်ရွှင်ကြပါစေ..

17 comments:

  1. စားချင်စရာလေး
    အဲလို အသီးအရွက်တွေကို လှော်တာ ကြိုက်တာ
    မ တို့ကချင်ပြည်နယ်မှာလည်း လှော်စားတတ်ကြတယ်။
    ပဲသီးကိုလည်း ထောင်းစားတာကြိုက်တယ်။ သရက်သီးစိမ်းနဲ့လည်း ထောင်းစားကြတယ်။
    ခု ထောင်းထားတဲ့ပုံလေးကြည့်ပြီး ထမင်းတောင်ဆာလာပြီ။။

    ReplyDelete
  2. ညီမလေးရေ။(ဆရာလေးရေ)

    ဟင်းလှော်လေးဖတ်သွားတယ်နော်။ ဒီလိုဟင်းချက်ကောင်းရင်တော့... တစ်နေ့...သူမပစ်ဘဲ ချစ်နေတော့တာ
    သေချာ ဧကန်မုမလွှဲပါဘဲ။ မှတ်သားသွားပါတယ်။ ပြန်ဆုံကြမှ စားရတော့မှာပေါ့။


    ခင်တဲ့
    မကြီးလွမ်း

    ReplyDelete
  3. ဗိုက်တောင် ဆာလာပြီမမ... :))))

    ReplyDelete
  4. ဟင့် အားလုံးစားချင်တယ်။ ဒါပေမဲ့ အဲလိုပုံနဲ့ပြလဲ မချက်တတ်ဘူး။ ချက်နည်းပြောလဲသိဘူး။ တုံးတယ်နော်းP

    ReplyDelete
  5. ရခိုင်ဟင်းကိုအရမ်းကြိုက်တယ်

    ReplyDelete
  6. ဒို့ဘော်လာရီး လက်စွမ်းပြတာ
    သွားရည်တောင်ယိုတယ်
    အော့် စားချင်တိုင်းမစားရတာလဲ အခက်သားပါလားးးးးး

    ReplyDelete
  7. လမင်းက မိန်းခလေးပီသတယ်နော် ....

    အချက်အပြုတ်လဲ ဆရာပဲ

    ReplyDelete
  8. ကျွန်တော်တို့.တောင်ပေါ်ဒေသဖက်က..ပလောင်လူမျိုးတွေချက်တဲ့ဟင်းလဲ အဲလိုငရုတ်သီးစပ်စပ်လေးနဲ့..ဆီမပါသလောက်ပဲ.သို့ပေမယ့်..လျှာလည်အောင် ကိုစားကောင်းချက်ဗျာ...... အချစ်ဆိုတာ...စိတ်ညစ်စိတ်ပျက်စရာလို့ ထင်ပေမယ့်လည်း..ချစ်ချင်ကြသလို..ငရုတ်သီးစပ်တယ်ဆိုပေမယ့်...ငရုတ်သီးစပ်စပ်ကိုလည်း.ကြိုက်သား...:D

    ReplyDelete
  9. ဗိုက်ဆာနေတဲ့ အချိန်သည်ဟင်းလေးတွေနဲ့ စားလိုက်ရရင်တော့ တော်တော်စားလို့မြိန်မှာပဲ
    ပုံလေးတွေကိုကြည့်ရင်းတောင်ဗိုက်ဆာလာပြီ ^_^

    ReplyDelete
  10. ၂ မျိုးလုံးကြိုက်တယ် အရွက်ဟင်းဆိုရင်ကိုကြိုက်တာ. ပဲတောင့်ရှည်ကို အဲလိုထောင်းပြီးစားလို့ရတယ်ဆိုတာ ခုမှသိတာမမရေ.. ဟင်းအသစ်တစ်မျိုး ဗဟုသုတရသွားပြီ

    ReplyDelete
  11. ဂလု
    စာလာဖတ်ရင်း သွားရည်တွေ အတောင့်လိုက် မြိုချလိုက်ရတယ်ဗျာ
    အရွက်မပေါလို့ ချက်စားနိုင်မည်မထင် :)

    ReplyDelete
  12. ဗိုက်တောင်ဆာလာပီ... ရခိုင်ဟင်းသိပ်ကြိုက်တာ..ဆီမပါတာပိုကောင်းတယ်.. အဆောင်မှာနေတုန်းက အိမ်က ပို့ပေးတဲ့ အမဲသားကြော်နဲ့ ရခိုင်မလေးတွေချက်တဲ့ အရွက်လှော်ဟင်းနဲ့ သွားသွားလဲစားတာ...

    ReplyDelete
  13. အောင်က ပဲသီး နဲ့ ထောင်းထားတဲ့ ဟာ စားချင်တယ် ..

    ReplyDelete
  14. ဟင်းလှော်တဲ့လား... နာမည်ကိုက တမျိုးလေး... တခါမှတော့ မစားဖူးဘူး။ စားလို့ ကောင်းမဲ့ပုံလေး...း)

    ReplyDelete
  15. စားချင်တယ်

    ReplyDelete
  16. ကူးကူးလှိုင်September 9, 2012 at 1:53 AM

    ဟင်းလှော်လေး စားချင်လိုက်တာ...

    ReplyDelete
  17. လျှာရည်တောင်ကျလာပီ......ရှလွတ် :D

    ReplyDelete