ချစ်စံအိမ်ဘလော့သည် သိ၍တတ်လို့ ရေးခြင်းမဟုတ်ပါ ရင်ထဲကစကားလုံးများကိုစာလုံးအဖြစ်ပြောင်းလဲရေးသားခြင်းသားဖြစ်သောကြောင့်လာလည်ကြသောမိတ်ဆွေများအားလုံးကို အထူးကျေးဇူးတင်ရှိပါတယ်ရှင်

Sunday, August 26, 2012

ဖြည့်တွေးပေးပါ အကောင်းမြင်တတ်ပါစေ..

ဒီတစ်ခါတော့ လမင်း အခုတလောကြားကြားနေရတဲ့ လူမှုရေး လို့ ခေါ်မလား။။ မကောင်းမြင်တတ်တယ်လို့ ပဲပြောရမလား။။။ ဝေဖန်တယ်လို့ ပဲဆိုမလား။။ ပုတ်ခတ်ပြောဆိုတယ်လို့ပဲပြောရမလား။။

လူအမျိုးမျိုး စိတ်အထွေထွေဆိုတော့လည်း ပြောရခက်ပါတယ်။။။ ပုတ်ခတ်တာ အတင်းပြောတာ မနာလိုဖြစ်တာတွေ
က လမင်းတို့  မြန်မာလူမျိုးတွေမှာ ပိုဖြစ်နေသလားလို့ ထင်မိတယ်။။ ကိုယ့်ပေါင်ကိုယ်လှန်ထောင်းသလိုများဖြစ်နေမလားပဲ။။။ လမင်းကို အမေမေးဖူးတယ်. မြန်မာလူမျိုးတွေဘာလို့ ဆင်းရဲကြတာလည်းလို့ မေးတော့ .. လမင်းတွေးမိတယ်.. ဘာကြောင့်လဲ.. ဘာဖြစ်လို့လဲ..

ဆင်းရဲတဲ့သူက ဆင်းရဲဖို့ ကံပါလာလို့ နေမယ်.. ဗုဒ္ဓဘာသာ အနေနဲ့ တော့ ဒါကိုပယ်ထားလို့ မရပြန်ဘူးလေ အလှုန်
အဒါန်းနည်းခဲ့လို့ ဖြေရမလား။။ ရှေ့ကုသိုလ်နည်းခဲ့လို့  ပဲပြောရမလား။။ အမေကတော့ လုံးဝလက်မခံဘူး။။
ဆင်းရဲစွာမွေးလာရတာက အတိတ်ကံကြောင့်တဲ့ ဆင်းဆင်းရဲရဲကြီးပြင်ခဲ့ရတာတော့ကိုယ် ညံ့လို့ ပါတဲ့..
မြန်မာလူမျိုးတွေက ကြွားဝါ ကြတယ် မနာလို ဖြစ်ကြတယ် အတင်းပြော ပုတ်ခတ်ကြတယ် ။
မရှိတာ ကို အရှိလုပ်တယ်.. သူများချမ်းသာရင် မနာလိုဖြစ်တယ်.. သူများတွေကြီးပွားချမ်းသာလာရင် အတင်းပြောမယ်.. ပုတ်ခတ်မယ်။။။ ဘယ်လိုကြိုးစားရင်ကောင်းမလဲ.. ဘယ်လိုအတုယူရင်အောင်မြင်မလဲ..
ဆိုတာမျိုးမရှိဘူး။။။ နောက်တစ်ခုက ကြွားတတ်တာ တစ်ဆိတ်ကို တစ်အိတ်လုပ်ချင်ကြတာ များများရယ်။။။

အခုလည်း အင်တာနက်ပေါ် မှာ ဘုန်းကြီးတွေ အင်တာနက်သုံးလုံး ဘာဖြစ်တယ် ညာဖြစ်တယ်.@####$ လမင်း
ပြောချင်တာက မကြည်ညိုချင်နေပါ... ဘုန်းကြီးတိုင်း ကိလေသာ ကင်းစင်နေကြတာမှ မဟုတ်တာ.. ပုထုဇဉ် ပဲလေ
ဖြည့်တွေးပေးပါ။။။ ဘုန်ကြီးတွေ ဦးဇင်းတွေ အင်တာနက်သုံးပြီး ဘာလုပ်နေလည်းဆိုတာ ကိုယ်နဲ့ မဆိုင်ပါဘူး။။


နောက်တစ်ခုက မိန်းကလေးတွေ မလုံ မလဲ ၀တ်စားကြတာ ကို ပြောလိုက်ကြတာ ကိုယ်ချင်းမစား သူတို့ ရော
မ၀တ်ဘူး လား ၀တ်ကြတာပဲလေ.. ကိုယ်လုပ်တော့ကောင်းတယ် သူများလုပ်တော့မကောင်းတော့ဘူးလား။။
လမင်း အခုနေတဲ့ နိုင်ငံက အမျိုးသမီးတစ်ယောက်ကပြောတယ်.. ပညာတော်တဲ့သူက ပညာကိုကြွားတယ်။။
ပစ္စည်း ချမ်းသာတဲ့သူ က ပစ္စည်းကို ကြွားဝါကြတယ်.. လှတဲ့သူကလည်း အလှတရားကိုကြွားကြတယ်။။
ဒါက သဘာဝပါတဲ့ ကိုယ်ခန္ဓာ လှတဲ့သူကလည်း သူတို့ လှကြောင်းကြွားပြီး မလုံမလဲ ၀တ်တာ မဆန်းပါဘူးတဲ့
ဝတဲ့သူ ကိုယ်လုံး မလှတဲ့သူတွေ အဲ့ လိုဝတ်ခိုင်းကြည့်ပါလား ဘယ်ဝတ်မလည်းတဲ့.. သူပြောတာလည်းဟုတ်သလိုပဲ... ဒါကဘာကိုပြောချင်တာလည်းဆိုတာ သူတို့ တွေ အကောင်းမြင်တတ်တာကိုပြောချင်တာပါ။။
မလုံမခြုံ ၀တ်ရမယ်လို့ မဆိုလိုပါဘူး။။ ဖြည့်တွေးကြည့်ပါ.. အကောင်းမြင်ကြည့်ပါ။။။ ကိုယ်လုပ်နိုင်ပြီးလား ကိုယ့်ပန်ဝန်းကျင်နဲ့ ကင်းနိုင်ပြီးလား ဆိုတာ အရင်စဉ်းစားပါ။။။

ချမ်းသာလာတဲ့သူတွေကိုလည်းပြောတတ်ကြတယ်... ဘယ်လိုလုပ်လို့ ချမ်းသာတာပါ ဘာဖြစ်လို့ ညာဖြစ်လို့ နဲ့ ပေါ့
လမင်းသိပ်မပြောတတ်ဘူး။။ ကြားတော့ကြားနေရပါတယ်။။ သူဘယ်လို ချမ်းသာတာ ကိုယ်နဲ့ မဆိုင်ပါဘူး။။
ကိုယ် ဘယ်လိုလုပ်ရမလည်းပဲ တွေးပါ.. ကြိုးစားပါ.. လက်ရှိအောင်မြင်နေတဲ့ လူတိုင်း ဘယ်လိုကြိုးစားခဲ့ရလည်း
ဆိုတာပဲစဉ်းစားပါ .. အောင်မြင်မှုရဲ့ နောက်ကွယ်မှာ ကြိုးစားမှုတွေ ၀ိရိယတွေ အများကြီးပါတယ်ဆိုတာ မမေ့ပါနဲ့ .... ဖြည့်တွေးပါ အပြစ် တင်မစောပါနဲ့ ...

ဒါကပို ဆိုးတယ် တကယ်ဆိုးတာ.. အလကားပါ သူများနိုင်ငံ အထင်ကြီးနေကြတာ ကိုယ့်နိုင်ငံနေလည်း ထမင်း
မငတ်ပါဘူး။။ @@@@ $$$$$ ဘာညာကွိကွ နိုင်ငံခြားရောက်တော့ ပျက်စီးကုန်ကြတယ် နိုင်ငံခြားရောက်တဲ့
သူတိုင်းပျက်စီးတာ မဟုတ်ပါဘူး။။ ပတ်ဝန်းကျင် နဲ့ဆိုင်သလို လူကိုယ်တိုင်နဲ့ လည်း အများကြီးသက်ဆိုင်ပါတယ်။။
ကိုယ့်နိုင်ငံ ကိုယ်လူမျိုး ကိုယ့်မိသားစု ကိုစွန့် ခဲ့ကြတာ ထမင်းမငတ်ဖို့ တစ်ခုတည်းမဟုတ်ဘူးဆိုတာ ..
ဖြည့်တွေးပေးပါ ... အကောင်းဘက်က ကြည့်ပေးပါ။။

နောက်တစ်ခု.. ဒါက လမင်း အထင်ပေါ့ အတော်လေးကိုဆိုးပါတယ်။။ ကိုယ့်နိုင်ငံကိုယ်လူမျိုးကိုစော်ကားရာရောက်တယ်လို့ ပဲ
ထင်မိတယ်... စစ်သားတွေ မကောင်းကြောင်း မိုက်ရိုင်းကြောင်း အဆင့်မရှိကြောင်း ဟုတ်ပါပြီး အဲလိုပြောတဲ့
သူတွေကရော အဆင့်ဆိုတာကို ဘယ်လိုခံယူထားကြသလဲလို့ မေးကြည့်ချင်ပါတယ်။။။
မရိုင်းဘူး လို့ မပြောပါဘူး။။ ရိုင်းတဲ့သူလည်းရှိနိုင်တာပဲလေ စစ်သား စစ်ဗိုလ် ဗိုလ်မူး ဘာကြီးပဲဖြစ်နေပါစေ.. မိုက်ရိုင်းတယ် ဆိုတာ
အဲ့ဒီဂုဏ်ပုဒ်တွေနဲ့ လုံးဝ မဆိုင်ပါဘူး ..ရိုင်းတဲ့သူက ရိုင်းမှာပဲ သူတို့ မဟုတ်တဲ့ အပြင်လူတွေလည်း ရိုင်းနေကြတာ
အများကြီးပါ..အဲအကြောင်းတွေကို Fb..Twitter တို့ လို လူမှုကွန်ရက်တွေမှာ အော်နေကြတာဟာ ကိုယ့်ပေါင်ကိုလှန်ထောင်းနေ
ကြသလိုခံစားမိတယ်.. စကားပြော ယဉ်ကျေးပါ.. မိသားစု စိတ်ဓာတ်ထားပါ...
ဖြည့်တွေးပေးလိုက်ပါ .. သူတို့ တွေလည်း လူထဲကလူတွေပဲ ရိုင်းတဲ့သူရှိသလို ယဉ်ကျေးတဲ့သူတွေလည်းရှိပါတယ်။။

ဘာသာရေး ကို လည်းဘယ်တော့မှ မဝေဖန်ပါနဲ့  လူတိုင်းကိုယ့်ယုံကြည်ရာ ကိုးကွယ်ကြပါတယ်..
ဘာသာရေးကြောင့်လူပေါင်းများစွာသေကြရပါတယ်... ကိုယ်ကြောင့် ဘာသာရေ ပဋ္ဋိပက္ခ မဖြစ်ပါစေနဲ့ ..
အကောင်းဘက်ကဖြည့်တွေးပေးကြပါ .. ဒါဆိုကမ္ဘာကြီးဟာအတော်လေးအေးချမ်းသွားနိုင်ပါတယ်။။။
ကမ္ဘာကြီးဆို ကြီးကျယ်နေမလားပဲ.. ကိုယ့်ပတ်ဝန်းကျင်ကို သာယာအေးချမ်းအောင်နေထိုင်ကြရအောင်လား ရှင်...

အခုတလော ခေါင်းထဲအဲ့အကြောင်းတွေရောက်လာသလိုဖတ်ရကြားရတာလည်းစိတ်မချမ်းသာလို့ ရေးလိုက်ခြင်းပါ။။
ဘယ်သူ့ ကိုမှ မရည်ရွယ်သလို ဆရာလုပ်တာလည်းမဟုတ်ရပါဘူး။။
တစ်ခါတလေ ဘာမဟုတ်တဲ့အကြောင်းအရာတွေကြောင့်စိတ်ရှုပ်တတ်တဲ့လမင်း သူများလာပြောသမျှခေါင်းထဲ
ရောက်နေတတ်တဲ့ လမင်း ရှုပ်ထွေးမှုတွေကြား ခေါင်းကိုက်တတ်တဲ့လမင်း အခုလိုလေ တွေးပေး နေပေးလိုက်ရင်အကောင်းဆုံးဖြစ်နိုင်သလို ကိုယ့်ပတ်ဝန်းကျင်လည်းအေးချမ်းသင့်သလောက် အေးချမ်းသွားနိုင်တာပဲလေ...

အားလုံးကျန်းမာပျော်ရွှင်အေးချမ်းသောဘ၀ကိုပိုင်ဆိုင်နိုင်ကြပါစေ...

10 comments:

  1. အမပြောသလိုပဲအကောင်းမြင်ပြီးဖြည့်တွေးပေးနိုင်အောင်ကြိုးစားပါ့မယ်
    ပို့စ်လေးကိုသေချာဖတ်သွားပါတယ်အမ..

    ReplyDelete
  2. ဖတ်သွားတယ်။ လူအမျိုးအမျိုးစိတ် အထွေထွေပါဘဲ။
    နတ္ထိလောကေ အနိန္ဒိတော......
    မကြီးလွမ်းကလည်း ကောင်းသူမဟုတ်ပါဘူး ။

    ReplyDelete
  3. ကန်ဒီလည်း မမနဲ့ ထပ်တူတွေးမိတယ် :)

    ReplyDelete
  4. အကောင်းလေး နည်းနည်းမြင်ပေး
    ဖြည့်တွေးပေး
    အတင်းပြောတာတွေလဲ လျှော့ပေး ဟီးးး
    မကောင်းမြင်ပြီး မကောင်းပဲ ပြောတတ်ကြသူတွေကတော့ အကျင့်တွေပါပဲ
    ဘယ်သူဘာပဲလုပ်လုပ် အမြဲပဲ ပြောနေကြမှာ
    မြန်မာတွေ ကြီးပွားတိုးတက်ချင်ရင်တော့ ဣသာ၊မစ္ဆေရ လျှော့ကြမှ ဖြစ်မယ်
    ကိုယ်လဲ မထူးပါဘူး ဟီးးး

    ReplyDelete
  5. အဲလိုတွေတွေ့လဲ တွေ့နေရတယ် .. တွေးလဲတွေးဖူးတယ် :)

    ReplyDelete
  6. ဒါတွေနဲ့ပတ်သက်ပြီးဘာမှမပြောတတ်ဘူး။
    စိတ်ရှုပ်စရာတွေမစဉ်းစားနဲ့။ခေါင်းကိုက်ပျောက်စေ။း)

    ReplyDelete
  7. မြန်မာတွေကိုက သူများထက် ဝေဖန်တတ်ကြတာ နေမယ်..
    အလုပ်တစ်ခုခု စပြီ ဆိုရင်လည်း ပြောကြ ဆိုကြ.. အဲဒါကြောင့် "မပြီးခင် ဗမာ မမြင်စေနဲ့" ဆိုတဲ့ ဆိုရိုးတောင် ရှိသေး..
    ဘာပဲဖြစ်ဖြစ် အကောင်းမြင် တွေးပေးနိုင်ရင်တော့ အကောင်းဆုံးပေါ့နော်..

    ReplyDelete
  8. အဲဒါတွေပေါ့ ကိုယ့်မျက်ချေး ကိုယ်မမြင်ဘူးဆိုတာ

    လမင်းရေ .... ဒေါသသင့်ပါတယ်ဗျာ

    စိတ်ကိုလွတ်လွတ်လေးနေမယ်ဆိုပြန်တော့လဲ

    မဟုတ်ပြန်ဘူး လူ့ အလိုနတ်မလိုက်နိုင်တဲ့ ကိစ္စ

    အင်း....ကိုယ့်ကိုကိုယ်ပဲကောင်းအောင် ကြိုးပမ်းအားထုပ်ရတော့မှာပါပဲ

    ReplyDelete
  9. ကျွန်တော်ကိုယ်တိုင်လဲတွေးဖူးပါတယ်
    မရေးတတ်တော့မရေးဖြစ်ခဲ့ဘူး
    အခုလိုဖတ်လိုက်ရတာ ကျေနပ်သွားတယ်

    ReplyDelete