ချစ်စံအိမ်ဘလော့သည် သိ၍တတ်လို့ ရေးခြင်းမဟုတ်ပါ ရင်ထဲကစကားလုံးများကိုစာလုံးအဖြစ်ပြောင်းလဲရေးသားခြင်းသားဖြစ်သောကြောင့်လာလည်ကြသောမိတ်ဆွေများအားလုံးကို အထူးကျေးဇူးတင်ရှိပါတယ်ရှင်

Sunday, March 25, 2012

မုန့် ဟင်းခါးချက်စားကြရအောင်..

 ငါးခူ၊ ဂျင်၊စပါးလင်၊ကြက်သွန်နီ၊ ဖြူ ဆန်မှုန့် ၊နနွင်းဆား၊၊ ပဲကျက်မှုန့်၊ငံပြာရည်၊ငရုပ်ကောင်း
ပထမ ငါးကိုငံပြာရည် နနွင်း ဆား အချိုမှုန့် စပါးလင်နဲ့ ပြုတ်ပါ....ပုံပါအတိုင်အသားနွှာထားပါ..
ဂျင်နဲ့ စပါးလင် ကြက်သွန်ဖြူကိုကြိတ်ထားပါ။။ထောင်းလို့လည်းရပါတယ်။။

 ဒီပုံအတိုင်းကြက်သွန်နီဆီအရင်သက်ပါ... ဂျင်နဲ့ စပါးလင် ကြက်သွန်ဖြူကိုကြိတ်ထားထည့်ပါ..
အရောင်နီလာရင်ငရုပ်သီးမှုန့်ထည့်ပါ လိုသလောက်ပေါ့ စပ်မယ်နော် သတိ..:)
 ပြီရင်ငါးထည့်ဆီသက်ပါ.. မွှေးလာပြီဆို ငါးပြုတ်ရေထဲထည့်လိုက်ပါ...
ဆူလာရင်တော့ ဆန်မှုန့်၊ ပဲကျက်မှုန့်ရေဖျော်ထည့်ပါ..ဟင်းရည်ချိုအောင် အချိုမှုန့်သုံးနိုင်ပါတယ်..မိနစ် (၂၀ )လောက်တော့ထားပြီ.. ငရုပ်ကောင်းမှုန့်ထည့်လိုက်ပါ အပေါ့အငန်မြည်းပြီ သုံးဆောင်လို့ရပါပြီ:)



တနင်္ဂနွေကလုပ်စားဖြစ်တာပါ မတင်ဖြစ်တာ အခုတော့အားရပါရစားသွားကြပါနော်...
မေ့နေတာ နံနံပင်၊သံပရာသီး၊ ကြက်ဥကတော့ အဆင်ပြေသလိုပေါ့...
ပဲကြော်တော့လမင်းမြန်မာဆိုင်က၀ယ်ထားတာကျန်တာလေးထည့်ထားတာပါ..
ငရုပ်သီးပါတာလမင်းစားမလို့နော်..:P

18 comments:

  1. မုန့်ဟင်းခါးကြိုက့်တဲကျန်နော့်အတွက့်ချက်နည်းလေးပြော်ပြတာကျေးဇူးပါ

    ReplyDelete
  2. အလုပ်မသွားခင် မုန့်ဟင်းခါး လာစားသွားတယ်နော် မမ..အနော်အတွက် ကြက်ဥ မထည့်နဲ့ အရည်များများ အရုပ်သီးစားဘူးနော်...အား နည်းနည်း ပူနေတယ်...ကောင်း၏...နောက်လည်း ဟင်းချက်နည်းတွေ များများ မျှဝေနိုင်ပါစေ.....ပျော်၇ွှင်ပါစေ...

    ReplyDelete
  3. ပြီးမှသေချာလာဖတ်မယ် လမင်းရေ ... ကြယ်ပြာလဲမနေ့က ချက်စားဖြစ်တယ်။ ဒါပေမယ့် လမင်းချက်သလိုမဟုတ်ဘူးရယ် ... ရယ်ဒီမိတ်ထုတ်ကို ချက်စားတာ ...း)

    ReplyDelete
  4. မုန့်ဟင်းခါးတော့ ကြိုက်တယ် ပါဆယ်ဆွဲသွားပါတယ်

    ReplyDelete
  5. ကျွှန်တော်ကိုအလယ်ထိုင် ပန်းကန်နဲ့ ချပေးပါ...အရမ်းကြိုက်တာအိမ်မှာဆိုမနက်လင်းမုန့်ဟင်းခါးဘဲတောင်းတတာ..

    ReplyDelete
  6. အလုပ်ကပြန်လာတော့မုန့်ဟင်းခါးလေးတွေ့လို့ဆွဲသွားပြီဗျို့.......

    ReplyDelete
  7. ဆာဆာနဲ့မကြီးလမင်းမုန့်ဟင်းဟားအိုးဆွဲလိုက်တာ ကုန်သွားပြီဗျို့...နောက်လူတွေ မဆူနဲ့နော်....ငါကွ....အကုန်တီးသွားတာ.....ဟီးး

    ReplyDelete
  8. နောက်ကျသွားတယ် ဟေ့ ...
    ညီလေးဆူး ကအကုန်စားသွာတော့ ဘာမှကျန်တော့ဘူး...
    ညီမလေးလမင်းချက်ထားတဲ့ ဟင်းရည်လေးကပျစ်နေတာမို့
    ဟင်းအိုးလေးကို ရေနဲ့ကျင်းပြီး ဟင်းရည်လေးသောက်သွားပါကြောင်း...
    နောက်တခါ စားစရာလေးများချက်ရင် ညီလေး ဆူး အရင်ရောက်
    အောင်လာခဲ့ ပါမယ် :P
    ခင်မင်စွာဖြင့်
    ရာဇာထွေး

    ReplyDelete
  9. အင်း ...မုန့် ဟင်းခါးမစားရတာ ကြာရောပေါ့ ...

    ReplyDelete
  10. မအားလို့ အခုမှရောက်တာ ဘာမှမကျန်တော့ဘူး.. :(
    ပန်းကန်ဆေးပေးပြီး ပြန်ပြီ မမရေ :)

    ReplyDelete
  11. မုန့်ဟင်းခါးတောင်စားချင်သွားတယ် လမင်းရေ..

    ReplyDelete
  12. အားလုံးကိုကျေးဇူးတင်ပါတယ်ရှင် မုန့်ဟင်းခါးစားတာမ၀ခဲ့ရင်
    နောက်အားတဲ့ရက်တခုခုလုပ်ကျွေးပါအုံးမယ်
    မျှော်............:D

    ReplyDelete
  13. ကျွန်တော့်နောက်မှရောက်လာတဲ့ သူတွေအားလုံးကို တောင်းပန်ပါတယ်....ဟီး..ဗိုက်ဆာဆာနဲ့အားလုံးကိုတီးပစ်လိုက်တာ....မကြီးလမင်းရေ နောက်တစ်ခါ ကျွန်တော့အတွက် ခွဲချန်ထားပါဗျို့.....နောက်လူတွေကိုအားလည်းနာတယ်.....ခင်လည်းခင်တယ်နော်.....ဟီးးးးးးးးးးးးးးးးးးးး

    ReplyDelete
  14. ကဲ... ညီမရေ မုန်းဟင်းခါး တစ်ပွဲလုပ်ပါဦး...

    ReplyDelete
  15. မကြီး လမင်းးးး မွှင်းခါးဘွဲ ဘူးနဲ့ ကျူ့ ထည့်ဝူး ကျွန်မိတ်များများ
    အဟီးးးးရန်ကုန်ကကောင်မလေးတွေမှာတဲ့အသံလို လိုက်ပြောကြည့်တာ

    ReplyDelete
  16. ပေါက် ပေါက် ပေါက်
    ( သရေ ယိုသံ )

    ReplyDelete
  17. မြန်မာရိုးရာစားစရာတွေထဲမှာ
    မုန့် ဟင်းခါးဆိုတာ
    နာမည်ကြီးစားစရာတမျိုးဆိုရင်
    လွန်အံ့မထင်

    ReplyDelete