ချစ်စံအိမ်ဘလော့သည် သိ၍တတ်လို့ ရေးခြင်းမဟုတ်ပါ ရင်ထဲကစကားလုံးများကိုစာလုံးအဖြစ်ပြောင်းလဲရေးသားခြင်းသားဖြစ်သောကြောင့်လာလည်ကြသောမိတ်ဆွေများအားလုံးကို အထူးကျေးဇူးတင်ရှိပါတယ်ရှင်

Wednesday, January 25, 2012

ဒီဇင်ဘာအလွမ်း



 ချစ်သူရေ
ဒီနှစ် ဒီဇင်ဘာဟာအရင်နှစ်တွေထက်
အေးနေရော့သလားကွယ်
ချစ်သူကိုတမ်းတ မျှော်လင့်ရတဲ့
ရက်တွေ ရှည်ကြာပေါ့
နှင်းဖွေးဖွေးကြား ချစ်သူလာရာလမ်းကို
မှန်းဆလို့ ဒီဇင်ဘာလဲ ကုန်ခဲ့အုံးမှာပေါ့
ဒီဇင်ဘာရဲ့ နှင်းဖြူဖြူလေးနဲ့ အတူရိုးရှင်းတဲ့
ချစ်သူလေး ကိုတမ်းတလို့ 
ဆုံနိုင်ဖို့ ရက်တွေ ရေတွက်ရင်း
လွမ်းနေတယ် ချစ်သူ
ချမ်းအေးနေတဲ့ ဒီနှစ်ဆောင်းဟာ
ချစ်သူနားမရှိတော့အဓိပ္ပာယ်မဲ့လို့ ပေါ့
အနေဝေးလို့ မမေ့ကြေးချစ်သူ
ချစ်သူရင်ခွင်တိုးလို့ ခိုလှုံချင်ပေမဲ့
တမြေဆီဝေးနေတဲ့ ချစ်သူနှစ်ဦးကြား
အေးမြလှတဲ့ ဒီဇင်ဘာကိုအန်တုလို့ 
နှင်းတွေကြားတစ်ယောက်ထဲပေါ့
နှင်းဖွေးဖွေးကို သစ္စာပြုရင်း
ကုန်ခဲ့အုံးမှာပေါ့ ဒီဇင်ဘာရယ်
ဒီဇင်ဘာနဲ့ ချစ်သူ
ချစ်သူနဲ့ ဒီဇင်ဘာ
မေ့မရလို့ တမ်းတရင်း
ချမ်းအေးတဲ့နှင်းတွေကြား
မှန်းဆကာလွမ်းနေပေါ့ ချစ်သူ

No comments:

Post a Comment